နိုင်ငံခြားမှာ ပက်စပို့စ် ပျောက်သွားရင် ဘာဆက်လုပ်မလဲ ??
ပြည်ပနိုင်ငံများကို သွားရောက် လည်ပတ် တဲ့အခါ ခါးပိုက်နှိုက်ခံရတာ ၊ ကျပျောက်တာ ၊ အထားမှား အသိမ်းလွန်ပြီး နိုင်ငံကူး လက်မှတ် (ပက်စပို့စ်) ပျောက်သွားတာမျိုးက ဖြစ်တတ် ကြုံတတ်ပါတယ်..ဒီလိုမျိုး ဖြစ်တဲ့အခါ ဘာဆက်လုပ်ရမှန်း မသိ မဖြစ်ရအောင်လို့ ဒီစာလေးကို အဆုံးထိ ဖတ်ကြည့်ပေးပါ။
နိုင်ငံရပ်ခြားမှာ ပက်စပို့စ် ပျောက်သွားရင် အရမ်းကြီး စိတ်မပူပါနဲ့၊ မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ရုံးများက တဆင့်ပျောက်ဆုံးသွားတဲ့ ပက်စပို့စ် အစားထိုးထုတ်ပေးတာ သက်သေခံ လက်မှတ်ပြုလုပ်ပေးတာတွေ ဆောင်ရွက်ပေးပါတယ်။ အရေးကြုံတဲ့အခါ လွယ်ကူမြန်ဆန်စေဖို့ ဆောင်ရန်ရှောင်ရန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံး အနေနဲ့ အရမ်းကြီး စိတ်မပူပါနဲ့..နိုင်ငံတကာ အခြေစိုက် မြန်မာသံရုံးများက ရုံးဖွင့်ရက်အတွင်း မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံ လက်မှတ် (Certificate of Identity) ပြန်လည် ပြုလုပ်ပေးပါတယ်။ နိုင်ငံရပ်ခြားမှာ တရားဝင်အလုပ်လုပ်ကိုင်နေသူတွေ၊ ကျောင်းတက်နေသူတွေနဲ့ မိသားစုနဲ့အတူနေထိုင်ခွင့်ဗီဇာရရှိထားသူတွေကတော့ အစားထိုးပက်စပို့စ်ပြန်လည်ထုတ်ယူနိုင်ပါတယ်။ သွားရောက် ဆက်သွယ်တဲ့အခါ ပိုမို လွယ်ကူမြန်ဆန်စေဖို့ ဒါလေးတွေ ယူသွား ဆောင်သွားဖို့ကိုတော့ မမေ့နဲ့နော်။
- မြန်မာနိုင်ငံကူးလက်မှတ်အမှတ်၊ ထုတ်ပေးသည့်နေ့စွဲ လိုအပ်တာကြောင့် စာအုပ်ထဲမှာ ချမှတ်ထားပါ။ အပို မိတ္တူကူးထားရင် ပိုကောင်းပါတယ် ။ မိတ္တူလည်း ပျောက်သွားမှာမျိုး စိုးရိမ်တယ်ဆို Soft Copy နဲ့ Google Drive လိုမျိုးမှာ သိမ်းထားတာကတော့ စိတ်အချရဆုံးပါပဲ ။
- ခါးပိုက်နှိုက်ခံရတာ ၊ ကျပျောက်သွားတာမျိုးဆိုရင် ပျောက်ဆုံးသောနေရာနဲ့ အနီးဆုံး ရဲစခန်းကို အကြောင်းကြားပြီး တိုင်ကြားစာကို သိမ်းထားပါ ။ မြန်မာသံရုံးသို့ ပျောက်ဆုံးကြောင်း ဆက်သွယ်တဲ့အခါ တိုင်ကြားစာ လိုအပ်ပါတယ်။
- မှတ်ပုံတင်မူရင်း ၊ သန်းခေါင်စာရင်း မိတ္တူ နဲ့ လိုင်စင် ဓာတ်ပုံ (၃) ပုံ လိုအပ်လို့ တစ်ခါတည်း ယူသွားပါ ။
- သက်ဆိုင်ရာနိုင်ငံအလိုက် မြန်မာသံရုံးလိပ်စာများ၊ ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များကို သိချင်တယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် www.mofa.gov.mm တွင် ဝင်ရောက် လေ့လာနိုင်ပါတယ်။
အခုလိုကာလ နိုင်ငံခြား သွားဖို့ ပြင်ဆင်နေသူတိုင်းအတွက် သိကိုသိထားရမယ့် ဗဟုသုတ နည်းလမ်းကောင်းတွေကို အမြဲ ေ၀မျှပေးနေမှာ ဖြစ်လို့ Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်